မော်လမြိုင်ကျွန်းမြို့နယ်တွင် အသက် (၁၀၀) နှစ်အထက်နှင့် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ် Read more about မော်လမြိုင်ကျွန်းမြို့နယ်တွင် အသက် (၁၀၀) နှစ်အထက်နှင့် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ် မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း Read more about ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးအမှတ်(၇) စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၁) ဒုတိယနေ့ ကျင်းပ Read more about ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၁) ဒုတိယနေ့ ကျင်းပ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)(ဒုတိယနေ့) ကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးလှသန်းတို့ တက်ရောက်ခဲ့ကြသည်။
နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြိုင်ကြီးငူအထူး ဒေသ သစ္စာအေးမြိုင်ရွာ ကတ္တရာလမ်း(၆၀၀၀)ပေ ခင်းခြင်း ရာနှုန်းပြည့်ပြီးစီး Read more about နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြိုင်ကြီးငူအထူး ဒေသ သစ္စာအေးမြိုင်ရွာ ကတ္တရာလမ်း(၆၀၀၀)ပေ ခင်းခြင်း ရာနှုန်းပြည့်ပြီးစီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက် သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသ ယခင်စစ်မှု ထမ်းဟောင်းရွာ(သစ္စာအေးမြိုင်)ရွာ ကတ္တရာလမ်း (၆၀၀၀)ပေ ခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ ကျပ်(၁၉၀ ဒဿမ ၈၄၂)သန်းဖြင့် ငွေတောင်တန်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ယနေ့နံနက်ပိုင်း က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် အဖွဲ့ဝင်များသည် ငွေတောင်တန်းကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းတစ်ခုလုံး၏ (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအား သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ် မရမ်းကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှု Read more about ချောင်းဆုံမြို့နယ် မရမ်းကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှု မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရေရှားပါးသည့် ကျေးရွာများတွင်ပြည်သူများ သောက်သုံးရေ လုံလောက်စွာရရှိစေရန်အတွက် ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဏာရေးနှစ် ရန်ပုံငွေဖြင့် မရမ်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်း နှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နံနက် က မွန်ပြည်နယ် (ကျေး/လက်)ဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင် ၊ ခရိုင်ဦးစီးမှူး ဦးအေးနိုင် ၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်း မော် ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ဘားအံမြို့တွင် Green House နှင့် Demonstration Farm(၄)ဧကအား လွှဲပြောင်းပေးအပ် Read more about ဘားအံမြို့တွင် Green House နှင့် Demonstration Farm(၄)ဧကအား လွှဲပြောင်းပေးအပ် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့စိန်ဘန်အောက် ကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးရေး ဦးစီးဌာန၏ ကမော့ကပို မျိုးစေ့ခြံတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံ ပူးပေါင်းဆောင်ရွက်သော Green House တည်ဆောက်ခြင်းနှင့် အစက်ချရေ ပေးစနစ် Demonstration Farm (၄) ဧက လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရ သည်။
လိပ်သိုဒေသတွင် ရော်ဘာစျေးကွက် ဖြစ်ထွန်း Read more about လိပ်သိုဒေသတွင် ရော်ဘာစျေးကွက် ဖြစ်ထွန်း ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး အဓိက စီးပွားရေး လုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ စီးပွားရေးလုပ်ငန်း အရ သီးနှံများစွာရှိသည့်အနက် ရော်ဘာပင် စိုက်ပျိုးခြင်းလုပ်ငန်းလည်း တစ်ခုအပါအ၀င်ဖြစ် ကြောင်း သိရပါသည်။
အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရုံးသစ်ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကျင်းပ Read more about အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရုံးသစ်ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကျင်းပ မန္တလေး၊အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရုံးသစ်ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မေဃဂီရိရပ်ကွက်၊ ၁၇လမ်းနှင့်၁၈လမ်းကြား၊ ၈၆လမ်းရှိ အဆိုပါရုံးသစ်တည်နေရာ၌ ကျင်းပသည်။
ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ် Read more about ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ် ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက ဖလမ်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။
မိုးကုတ်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ဒါရိုက်တာ သစ်ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ Read more about မိုးကုတ်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ဒါရိုက်တာ သစ်ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ မိုးကုတ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ အမှုဆောင်ဒါရိုက်တာ သစ်ရွေးချယ်တင်မြှောက်ပွဲနှင့် အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်၉ နာရီအချိန်က အဆိုပါမြို့နယ်သမဝါယမအသင်းစု လီမိတက် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။