တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား ကျောင်းသူ (၁၄၃၉) ဦး ဖြေဆို
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ တက္ကသိုလ်ဝင် စာမေးပွဲများကို မတ်လ ၃၁ ရက်နေ့မှစ၍ ကျင်းပလျက်ရှိရာ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၁၄၃၉) ဦး အေးချမ်းစွာဖြင့် ဖြေဆိုလျက် ရှိကြောင်းသိရသည်။