ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်​/မြို့နယ် သန်း​ခေါင်စာရင်း​ကော်မတီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်းက ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့​ကြောင်းသိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက မြို့နယ်ကိုယ်စားပြု အားကစားသမား များပေါ်ထွန်းလာစေရေး အားကစားပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများက ထူးချွန်ထူးမြက်သောအားကစားပေါ်ထွန်းလာစေရေး ရည်ရွယ်၍ မြို့နယ်အဆင့် ပြေးခုန်ပစ် လူရွေးချယ်ပွဲအား ယနေ့နံနက်ပိုင်းက စတင်၍ မြို့နယ်ဘောလုံးကွင်းသစ်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဆင်နွှဲခဲ့ကြောင်း သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်မော်လမြိုင် ပြည်သူ့ဆေးရုံကြီး အနောက်ဆောင် အမျိုးသမီးခွဲစိတ်ဆောင်ပေါ်သို့ ပိတောက်ပင် လဲကျမှုဖြစ်ပွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ တောင်ပေါ်ဆောင်လမ်းရှိ မော်လမြိုင် ပြည်သူ့ဆေးရုံကြီး အနောက်ဆောင် အမျိုးသမီးခွဲစိတ်ဆောင်ပေါ်သို့ ယမန်နေ့နံနက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆေးရုံကြီး အမျိုးသမီးခွဲစိတ်ဆောင် အနောက်ဘက်ရှိ ပိတောက်ပင် ပြိုလဲကျပြီး ထိခိုက်ပျက်ဆီးခဲ့သဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူနှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဦးအဖွဲ့၊ မော်လမြိုင် တပ်နယ်အဖွဲ့ ဒုတိယဗိုလ်မှူးကြီး အောင်ဇော်ဟိန်းအဖွဲ့၊ လူမှုကူညီရေးအဖွဲ့ ဘိုဘိုဝင်းနှင့်အဖွဲ့၊ ရပ်ကျေးအဖွဲ့များ ပူးပေါင်း၍ရှင်းလင်းဆောင် ရွက်ခဲ့‌ကြောင်းသိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရေယာဥ်များအား လိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရေယာဥ်များအား ယနေ့နံနက်(၉) နာရီအချိန်က တုံးလှဲချောင်းမြစ်အတွင်းရှိ ရေယာဥ်အမှတ်(ON-4185)ရေယာဥ်အမည် MV ရတနာ ထိန်လင်း ၊ ရေယာဥ်အမည် MV အာသာဝတီ၊ (ON- 7387A) ရေယာဥ်အမည် MV ဓနရွှေလမင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြစ်ရေဝင်ရောက်သည့် မြို့များအား လိုက်လံကြည့်ရှုစစ်ဆေး၊ ထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ငဝန်မြစ်ကမ်းဘေးရှိမြို့များ၌ မြစ်ရေတက်ရောက်မှုနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုးချဲ့ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ဇူလိုင် ၄ ရက် ၊ နံနက် ၉ နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ပြင်ဦးလွင်မြို့တွင် “ပိုးစာပင်ကိုင်း ဖြတ်ခြင်း”‌ တောင်သူပညာပေးကွင်းသရုပ်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ၊ ပိုးသုတေသနနည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနမှ “ပိုးစာပင်ကိုင်း ဖြတ်ခြင်း” တောင်သူပညာပေးကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန၊ ရပ်ကွက်ကြီး(၆)၊ နန္ဒာလမ်း၌ကျင်းပပြုလုပ်သည်။

ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်း သိကောင်းစရာဟောပြောပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကျင်း

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာဟောပြောပွဲနှင့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်း အနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဖျာပုံမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က အမှတ်(၁၉)ရပ်ကွက်၊ အ.လ.က(၂)ကျောင်း သဇင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်မျာငှားရမ်း ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်မား‌စေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူဖတ်ရှုနိုင်စေရန်အတွက် အမှတ် (၃) ရပ်ကွက်အတွင်းရှိပြည်သူများနှင့် မီးသတ်ဦးစီးဌာနရုံးသို့ Mobile စနစ်ဖြင့စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီက သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ