ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ပွင့်ဖြူမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းကစပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေလှပစေရန် ရည်ရွယ်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ

 "ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့" ဆို  သည့်ဆောင်ပုဒ်အတိုင်း ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ယနေ့ နံနက်ပိုင်းတွင် သတ်မှတ်ထားသော အခြေပညာကျောင်းများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရော်ဘာပျိုးပင်နှင့် ဥယျာဉ်ခြံသီးနှံများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၁ - ၂ဝ၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ရော်ဘာပင်အိုခုတ်လှဲ ခွင့်ရ တောင်သူများအား အထွက်ကောင်း ရော်ဘာပင်ပျိုများ အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် ရော်ဘာပျိုးပင်နှင့် ဒေသခံဥယျာဉ်ခြံရှင်များအတွက် ဥယျာဉ်ခြံသီးနှံများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လှည်းကူးမြို့နယ်၊ စာဘူးတောင်ကျေးရွာအုပ်စု၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသော အခြေခံပညာ ကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀နာရီက စာဘူးတောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် ကမ်းနီကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ခရီးသွားလုပ်ငန်း Barrier Free Tourism အခြေခံဝန်ဆောင်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း Barrier Free Tourism အခြေခံဝန်ဆောင်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်၊ တည်းခိုရိပ်သာ၊ စားသောက်ဆိုင် များမှ ဝန်ဆောင်မှုဆောင်ရွက်နေသောဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရွှေတောင်စု‌ ခေတ်မီစံပြကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ရွှေတောင်စုခေတ်မီစံပြကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ ညနေပိုင်းက အင်္ဂပူမြို့နယ်၊ မကျည်းကုန်းကျေးရွာ အုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြ ကျေးရွာရှိ ယာယီရှင်းလင်းဆောင်၌ပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ် ရင်းရှည်ရေလှောင်တမံမှ မိုးစပါးဧက(၅၀၀)အတွက် ပျိုးထောင်ရေ စတင်ပေးဝေ

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင် တမံဆည်နှင့် ရင်းရှည်ရေလှောင်တမံ ဆည်ရှိပြီး ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ရင်းရှည်ရေလှောင်တမံ ဆည်ရေသောက်ဧရိယာများ၌ မိုးစပါး စိုက်ပျိုးရန် လျာထားဧက(၅၀၀) အတွက် ပျိုးထောင်ရေကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ်ဆည် မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူးဦးအောင်ကိုဦးထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးခဲ့ကြသော စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသော မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ ပရဟိတအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ