ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

စစ်တွေမြို့နယ်၌ ကျွဲ၊ နွားများရောဂါကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများထိုးနှံ

စစ်တွေမြို့နယ်အတွင်း ကျွဲ၊ နွားများတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနဝန်ထမ်းများမှ စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာအုပ်စု၊ သာယာကုန်း ရခိုင်ကျေးရွာတွင် မွေးမြူထားရှိသော နွားများအား ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဟန်ဝင်းအောင်ထံမှ သိရသည်။

မော်လမြိုင်မြို့ ရာမည ရဋ္ဌ ဗုဒ္ဓတက္ကသိုလ်တွင် မွန် ကျောက် စာသင်တန်းဆင်းပွဲ ကျင်းပ

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ကြားရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သည့် မွန်ကျောက်စာ သင်တန်းဆင်းပွဲ အခမ်းအနားကို  ဇူလိုင် (၉)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ်တွင်ကျင်းပရာ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့များ၊ ရဟန်းသံဃာ အရှင်သူမြတ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်၊၊

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျုံပျော်ခရိုင်ရုံးနှင့် မြန်အောင်ခရိုင်ရုံးတို့အား တက်ရောက် ဖွင့်လှစ်ပေး

ခရိုင်အဆင့်တိုးမြှင့်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျုံပျော်ခရိုင်ရုံးနှင့် မြန်အောင်ခရိုင်ရုံး ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျုံပျော်မြို့နယ်နှင့် မြန်‌အောင်မြို့နယ်တို့၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

မုန်တိုင်း ကြိုတင် သတိပေးချက်သုံး အရောင်သင်္ကေတများအား ပြည်သူများ သိရှိစေရန် ဆိုင်းဘုတ် စိုက်ထူ

မွန်ပြည်နယ် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်း ကြိုတင်သတိပေးချက်သုံး အရောင်သင်္ကေတများအား ပြည်သူများသိရှိစေရန် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌ ကျင်းပ ပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်အတွင်းရှိ စျေးဆိုင်များနှင့် ဆင်ဖြူကျွန်းမြို့ပေါ် စျေးဆိုင်များအား အမည်တူ တရားမဝင်ထုတ်ကုန်များ ရောင်းချခြင်းရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်နှင့်ဆင်ဖြူးကျွန့်မြို့ပေါ်ရှိ စျေးဆိုင် များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ ညွှန်ကြားမှုဖြင့် ယမန်နေ့က စျေးကွက်တွင် ထိုင်းနိုင်ငံထုတ် GANO . Coffee အမှတ်တံဆိပ်ပါကော်ဖီ၊ (3 in 1) သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို ရောင်းချခြင်းရှိ/မရှိ  စစ်ဆေးခဲ့ကြသည်။

စလင်းမြို့နယ်အတွင်းရှိ စျေးဆိုင်များနှင့် ဆင်ဖြူကျွန်းမြို့ပေါ် စျေးဆိုင်များအား အမည်တူ တရားမဝင်ထုတ်ကုန်များ ရောင်းချခြင်းရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်နှင့်ဆင်ဖြူးကျွန့်မြို့ပေါ်ရှိ စျေးဆိုင် များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ ညွှန်ကြားမှုဖြင့် ယမန်နေ့က စျေးကွက်တွင် ထိုင်းနိုင်ငံထုတ် GANO . Coffee အမှတ်တံဆိပ်ပါကော်ဖီ၊ (3 in 1) သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို ရောင်းချခြင်းရှိ/မရှိ  စစ်ဆေးခဲ့ကြသည်။

ဘီးလင်းမြို့နယ်၌ တိရစ္ဆာန်အစာနေဗီယာမြက်စိုက်ပျိုးခြင်းကွင်း သရုပ်ပြသ

သထုံခရိုင်၊ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်အစားအစာနေဗီယာ မြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်၁၀နာရီက ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာရှိ တောင်သူ ဦးထွန်းဟန်၏ မြေတစ်ဧက၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် သစ်ပင်စိုက် ပျိုးပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုနေ့ အထိမ်းအမှတ်ဖြင့်သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျောက်တစ်လုံးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ စိုက်ပျိုးခဲ့ ကြောင်း သိရသည်။

ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလံနှစ်သိန်းငါးသောင်းရှစ်ထောင် လှူဒါန်းခဲ့ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော နတ်ပလင်ကျေးရွာနှင့် ကံကျဲကျေးရွာသို့ ယနေ့နံနက် ၉ နာရီ အချိန်က သောက်သုံရေဂါလန် (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော် အသင်းအကျိုးတော်ဆောင် များထံက သိရသည်။

ထီးချိုင့်မြို့တွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း သခင်မြမောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ