စစ်ကိုင်းတိုင်းဒေသကြီး

ယင်းမာပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ဩဂုတ်လ (၂၅) ရက်၊ မွန်းလွဲပိုင်းတွင် ယင်းမာပင်မြို့၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်သည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ တက်ရောက်မည့်လူငယ်များနှင့်တွေ့ဆုံ

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅သို့ တက်ရောက်မည့်လူငယ်များနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အစည်းအဝေးခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်း‌ဒေသကြီးဦးစီးမှူးနှင့် လူငယ်အဖွဲ့များတက်ရောက်ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ပဲစင်းငုံစိုက်ခင်းများ ပိုးမွှားကျရောက်မှုရှိမရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ယခုနှစ်မိုးရာသီစိုက်ပျိုးခဲ့သော ပဲစင်းငုံစိုက်ခင်းများ ပိုးမွှားကျရောက်မှုရှိမရှိ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၌ KG ကျောင်းသားကလေးငယ်များအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား/ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများကို ရွှေဘိုမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်(၁၁)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် မုံရွာမြို့၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝန်းအတွင်း ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားနှင့် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတက်ရောက်

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးအား နားလည်မြတ်နိုးသည့် စိတ်ဓာတ်ဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ညီညွှတ်မျှ တစေရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေး အတွက်ရည်ရွယ်၍ ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝန်းအတွင်း ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်း များ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများတက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅-ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူ ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

အရာတော်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်းသင်တန်း‌ဆက်လက်ပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးကြည်သာအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်း‌ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း ဆရာစံခန်းမတွင် ဒုတိယနေ့အဖြစ် ဆက်လက်ပို့ချခဲ့သည်။

လေရှီးမြို့၌ ယာယီသစ်သားတံတား ဆောက်လုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ လေရှီး-ဆွမ္မရာလမ်းပိုင်း ၄၂မိုင် ၃ဖာလုံနှင့် ၄ဖာလုံအကြား၊ မဂါးပွားချောင်းတွင် ချောင်းရေတိုက်စားမှုကြောင့် ၁၈ပေ၊ ၂၄ပေရှိ Box Culvert ပြိုကျပျက်စီးသွားခဲ့ပြီး အဆိုပါပြိုကျပျက်စီးနေမှုအား နာဂဒေသစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးလှထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဝင်းနိုင်မြင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ သွားရောက်ပြုပြင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နမှု လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးတွက် မုံရွာပညာရေးဒီဂရီကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်းဝန်းအတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံစာကြည့်တိုက် ပညာသင်တန်း (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး