ကလေးဝ ဇန်နဝါရီ ၁၁
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် ကလေးဝမြို့တွင် ယနေ့နံနက် ၆ နာရီမှစ၍ ရွေးကောက်ပွဲများကျင်းပလျက်ရှိကြောင်းသိရသည်။
အဆိုပါ ရွေးကောက်ပွဲကျင်းပရာ၌ မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော် တစ်ရပ်ချင်း စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့်စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် ၆ နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ဆန္ဒပြုခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မဲဆန္ဒရှင် ပြည်သူများအား စားသောက်စရာများကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်