စစ်ကိုင်းတိုင်းဒေသကြီး

ရွှေဘိုမြို့တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး စိတ်နှလုံးရွှင်လန်းစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ “၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ”ကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရွှေဘိုမြို့တွင် ယမန်နေ့နံနက် ၆ နာရီ အချိန် မြို့တော်ခန်းမတွင် စုရပ်ပြုလုပ်၍ စုပေါင်းလမ်းလျှောက်ခဲ့သည်။

ကန့်ဘလူမြို့နယ်၌ အ.ထ.က(၁)ကန့်ဘလူနှင့်အထက(ခွဲ)တောက္ကရှပ် ကျောင်းတို့အား ဘင်ခရာ ဝတ်စုံပေးအပ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဆရာတော် ဦးဝါသဝ(၅၅၀ ဆရာတော်)၊ နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ နည်းဗျူဟာမှူးကြီးနှင့် ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ အ.ထ.က(၁)ကန့်ဘလူနှင့် အ.ထ.က(ခွဲ)တောက္ကရှပ် ဘင်ခရာအဖွဲ့တို့အား ဘင်ခရာ ဝတ်စုံပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်နံနက် ၉ နာရီက အ.ထ.က(၁) ကန့်ဘလူကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ကျွန်းလှမြို့၌ ဒီဇင်ဘာအားကစားလ(စတုတ္ထအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (စတုတ္ထအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီက ဆောင်ရွက်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ကန့်ဘလူမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ဒီဇင်ဘာအားအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီ ၁၀ မိနစ်က မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ သဘာဝဆိုးဆေးနှင့် Eco printing နည်းပညာသင်တန်း(၃/၂၀၂၄-၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သဘာဝဆိုးဆေးနှင့် Eco printing နည်းပညာသင်တန်း(၃/၂၀၂၄-၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

နန်းယွန်းမြို့တွင် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် သင်ကြား/ သင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် အခြေခံပညာအလယ်တန်းအဆင့် Grade-9)နှင့် မူလတန်းဆင့် (Grade-5) သင်ကြား/သင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်(ပထမနှစ်ဝက်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် (ပထမနှစ်ဝက်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ပဉ္စဗလဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် အဌမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

မုံရွာမြို့၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူး ရုံးတို့ပူးပေါင်းပြီး ၂၀၂၅-ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး