အင်းကောင်းကျေးရွာ၊ အလယ်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အင်းကောင်းကျေးရွာ၊ အလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။