စစ်ကိုင်းမြို့တွင် APTERR ဆိုင်ရာ(၃)အစီအစဉ်ဖြင့် ဂျပန်နိုင်ငံနှင့်ကိုရီးယားသမ္မတနိုင်ငံတို့မှလှူဒါန်းသည့် အရန်ဆန်ရိက္ခာပေးအပ်ပွဲအခမ်းအနားကျင်းပ
စစ်ကိုင်းခရိုင်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ASEAN+3 အရေးပေါ်ဆန် အရန်ရိက္ခာ(APTERR)အစီအစဉ်ဖြင့် လှူဒါန်းသော အရန်ဆန်အိတ်(၁၁၆၁)အိတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။