ကန့်ဘလူမြို့နယ်၌ လယ်ယာမြေဧက ၁၀၀ ကို စက်မှုလယ်ယာမြေအဖြစ် စနစ်တကျဖော်ထုတ်မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ယင်းသာကျေးရွာ၌ ဒေသခံတောင်သူများ၏ လယ်ယာမြေများကို စက်မှုလယ်ယာအဖြစ် ပြောင်းလဲစိုက်ပျိုးနိုင်ရေး စနစ်တကျလယ်ယာမြေအဖြစ် ဧက ၁၀၀ ဖော်ထုတ်မည်ဖြစ်ရာ ဇန်နဝါရီ ၁၆ ရက်နေ့တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။