စစ်ကိုင်းတိုင်းဒေသကြီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် အားကစားခန်းမတွင် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတို့ ပူးပေါင်း၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အားကစားခန်းမတွင် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ(၁၅)ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်း‌တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

စားသုံးသူများ လုံခြုံမှုရှိစေရေးဟူသော စားသုံးသူရေးရာဦးစီးဌာန၏ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ စစ်ကိုင်း‌တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည် ။

ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၇)နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌​ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ နာဂရိုးရာစာပေနှင့်ယဥ်ကျေးမှုကော်မတီမှ စီစဥ်ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပွဲကို ယမန်နေ့ ည(၄)နာရီအချိန်က ဟုမ္မလင်းမြို့၊ နန်ဖွတ်မော်ရပ်ကွက်၊ နာဂရိုးရာကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ မိုးစပါး ၃၄၀၉၈ ဧက ရိတ်သိမ်းပြီး တင်းပေါင်း ၂၅ သိန်းကျော်ထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဆန်စပါးဖူလုံပိုလျံစေရန်အတွက် ယခုနှစ် မိုးစပါး ၃၄၀၉၈ စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းရာ စပါးတင်းပေါင်း ၂၅ သိန်းကျော် ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခန္တီးမြို့တွင် (၃၅)နှစ်မြောက် ကျောက်စိမ်းရတု နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် (၃၅)နှစ်မြောက် ကျောက်စိမ်းရတု နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့နံနက်(၉)နာရီအချိန်က ဇီးဖြူကုန်းရပ်ကွက်ရှိ နာဂရိုးရာကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် ပြည်သူများတက်ရောက်ခဲ့သည်။

အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် " အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး"အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ဆရာ/ ဆရာမများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့နံနက် (၃) နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ယာယီခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာတွင် အိုးလုပ်ငန်းစတင်လုပ်ကိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေရရှိရန်အတွက် အိုးလုပ်ငန်း စတင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

မုံရွာမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်ကာ မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက မုံရွာမြို့ လယ်တီရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး