မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူအခွင့်အရေးအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး စားသုံးသူအခွင့်အရေးအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။