စစ်ကိုင်းတိုင်းဒေသကြီး

ကန့်ဘလူမြို့၌ နွေရာသီအခြေခံပန်းချီနှင့်အင်္ဂလိပ်စာသင်တန်း ဆက်လက်သင်ကြားပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား​ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဖွံဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်း ချီသင်တန်းနှင့်အင်္ဂလိပ်စာ Grammar သင်တန်းများကို ယနေ့တွင် ဆက်လက်သင်ကြားပေးလျက်ရှိ သည်။

ပန်ဆောင်မြို့၌ မူကြိုကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းအနေဖြင့်ဖွံ့မှု ၅ ရပ်ဖြစ်သည့် ကာယဖွံ့ဖြိုးမှု၊ ဉာဏဖွံ့ဖြိုးမှု၊ စာရိတ္တဖွံ့ ဖြိုးမှု၊လူမှုဆက်ဆံရေးနှင့် စိတ်လှုပ်ရှားမှုပိုင်ဆိုင်ရာ ဖွံ့ဖြိုးမှုများကို မူလတန်းကြို သားငယ်၊ သမီးငယ်များအား ပြုစုပျိုးထောင်သင်ကြားပေးခဲ့ရာ သင်ယူပြီးမြောက်ကြောင်း ကျောင်းဆင်း ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ဆုချီးမြှင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်း‌ ဒေသကြီး၊ ဟုမ္မလင်းမြို့၊ ရပ်ကွက်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ထမံလိုက်လံနှိုးဆော်

ဟုမ္မလင်းမြို့နယ်၊ ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှလုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဘိုးများ လျော့နည်းကျဆင်းစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းကဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ မန်​မော်ရပ်ကွက်၊ နမ်ဖွတ်မှော်ရပ်ကွက်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးထပ်မံလိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ ဆောင်းနှမ်းစိုက်ဧကအားလုံးရိတ်သိမ်း တင်း ၂၃၀၄၈၈ ထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော နှမ်းစိုက်ဧကအားလုံးရိတ်သိမ်းပြီး တင်း ၂၃၀၄၈၈ ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖောင်းပြင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကလေးအလုပ်သမားများပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပေပြာပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။

တမူးမြို့တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေး) အဖွဲ့ဝင်များအားထောက်ပံ့ငွေများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေး) အဖွဲ့ဝင်များအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့တွက်စာရိတ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ရွှေဖရုံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံစိုက်ပျိုးကြရာ တစ်ပိုင်တစ်နိုင် ရွှေဖရုံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မုံရွာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူ ၁၁၇၅ ဦး ဖြေဆိုပြီးစီး

မုံရွာမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ရာ မတ် ၁၇ ရက်နေ့ ၁၂ နာရီအချိန်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသားကျောင်းသူ ၁၁၇၅ ဦးအေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့သည်။

ကန့်ဘလူမြို့ အ.ထ.က(၁)၌ စာဖြေကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရည်ဘူးများ လှူဒါန်း

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade- 12) ဖြေဆိုကြသည့် စာဖြေကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရည် လှူဒါန်းခြင်းကို မတ် ၁၇ ရက်မွန်းတည့် ၁၂ နာရီက ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား/ကျောင်းသူများ ဖြေဆို

စစ်ကိုင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ စာစစ်ဌာနများအလိုက် ‌ကျောင်းသား/ ကျောင်းသူများ ဖြေဆိုလျက်ရှိသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး