စစ်ကိုင်းတိုင်းဒေသကြီး

အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စွန့်ပစ်အမှိုက်များကို အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းဖြင့် သန့်ရှင်း သာယာလှပသော ပတ်ဝန်းကျင်၊ ကျန်းမာပျော်ရွှင်သော လူ့ဘောင်အဖွဲ့အစည်းနှင့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးတည်ထောင်နိုင်ရန်တို့ကို ရည်ရွယ်၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်က ကသာမြို့ ပတ္တမြားဈေးတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် မိသားစုဝင်ငွေတိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရန်အတွက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းများတွင် ထူးချွန်သင်တန်းသား၊ သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး(၉/၂၀၂၅)နှင့် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၉/၂၀၂၅)များသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၉/၂၀၂၅) အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

မုံရွာတက္ကသိုလ်၌ သုတေသနစကားဝိုင်း ဆွေးနွေးပွဲကျင်းပ

မုံရွာတက္ကသိုလ်တွင် ဆရာ၊ ဆရာမများ၏ ဘာသာရပ်ဆိုင်ရာ သုတေသနအတွေ့အကြုံများကို မျှဝေခြင်းဖြင့် သုတေသနလုပ်ငန်းစဉ်ကို လက်တွေ့ ကျကျ နားလည်စေရန်၊ မတူညီသော ဘာသာရပ်များကြား (Interdisciplinary) ဆွေးနွေးမှုများ ဖြစ်ပေါ်စေရန်၊ တက္ကသိုလ်အတွင်း သုတေသနဆောင်ရွက်ချက်များ စိတ်ဝင်စားမှုကို လှုံ့ဆော်နိုင်ရန် ရည်ရွယ်ပြီး သုတေသနစကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉) နာရီက မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဆောင်းနေကြာ ဧက ၁၂၀၀ ကျော်လျာထားစိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရန်၊ ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ချစေရန်အတွက် ယခုနှစ် ဆောင်းရာသီ၌ နေကြာဧက ၁၂၀၀ ကျော်လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းအမယ်( ၅)မျိုး ပေးအပ်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကန့်ဘလူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စပါးသီးနှံအာဟာရဓာတ် ချို့တဲ့မှုနှင့်အဆိပ်သင့်မှု လက္ခဏာများနည်းပညာပေးသင်တန်း မုံရွာမြို့တွင်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့်တိုင်းဒေသကြီးမြေ အသုံးချရေးဌာနခွဲမှ ဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်း စပါးသီးနှံအာဟာရဓာတ်ချို့တဲ့မှုနှင့် အဆိပ်သင့်မှုလက္ခဏာများ နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ကန့်ဘလူမြို့ အ.ထ.က( ခွဲ)ညောင်အိုင်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး