ပဲခူး၌ပြည်သူများ နှစ်သစ်ကို တစ်ခဲနက်ပျော်ရွှင်စွာ ကြိုဆိုကြ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဥ်ရပ်နားဝန်း၌ ဒီဇင်ဘာ (၃၀)ရက်မှ စတင်ကျင်းပလျက်ရှိရာ ယနေ့နှစ်သစ်ကူးညတွင် ပြည်သူများ၊ လူငယ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများသည် ကွင်းပြည့်ကွင်းလျှံ လာရောက်ပါဝင်ဆင်နွှဲကြပြီး နှစ်သစ်ကိုပျော်ရွှင်စွာ အတူတကွကြိုဆိုကြသည်။