ရွှေကျင်မြို့နယ်တွင် မဲရုံတာဝန်ကျသူများ ကြိုတင်ဆန္ဒမဲပေး
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင်ရွေးကောက်ပွဲကျင်းပမည့် ဇန်နဝါရီ (၁၁) ရက်နေ့၌ မဲရုံများတွင် တာဝန်ယူကြီးကြပ်ဆောင်ရွက်ရမည့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့်ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။