မိုးညိုမြို့နယ် ထိန်တောကျေးရွာ၌ စက်သုံးဆီဆိုင်များသတ်မှတ်ချက်နှင့်အညီ ရောင်းချမှုရှိစေရေးဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာအတွင်း ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်များနှင့်အညီရောင်းချနိုင်ရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။