ပဲခူးတိုင်းဒေသကြီး

တောင်ငူမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

 သာယာဝတီဗဟိုအကျဥ်းထောင်မှ အကျဥ်းသား/အကျဥ်းသူ(၉၇)ဦးအား ​ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြု

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် သာယာဝတီဗဟိုအကျဉ်းထောင်မှ အကျဉ်းသား(၈၇)ဦး၊ အကျဥ်းသူ(၁၀)ဦးတို့အား ယမန်နေ့နံနက်ပိုင်းက လွှတ်ပေးခဲ့ကြောင်း သိရသည်။

(၇၇)နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးအချုပ်ထောင်မှ အကျဉ်းသား/သူ (၁၀၅)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပဲခူးအချုပ်ထောင်မှ အကျဉ်းသား ကျား(၉၀)ဦး မ(၁၅)ဦး စုစုပေါင်း (၁၀၅)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၆၂ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

၂၀၂၅ ခုနှစ် (၇၇ )နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၆၂ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ပေါင်းတည်အကျဉ်းဦးစီးဌာနမှ သိရသည်။

သနပ်ပင်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၇)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်လေးပင်ခရိုင် ပြွန်တန်ဆာမြို့ အ.ထ.က(၂) အခြခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ပြွန်တန်ဆာမြို့နယ် အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့တွင် ၂၀၂၅ ခုနှစ်  (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့၌ (၇၇)နှစ်မြာက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူအကျဥ်းထောင်၌ ကျင့် ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွတ်မြောက်သွားသော အကျဥ်းသား အကျဥ်းသူများအား လွှတ်ပေးသည့်အခမ်းအနားကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ကျခံလျက်ရှိသော အကျဥ်းသားအကျဥ်းသူများကို ကျင့် ၄၀၁၊ ပုဒ်မခွဲ (၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ လွှတ်ပေးလျက်ရှိရာ  တောင်ငူအကျဥ်းထောင်ရှိ ကျင့် ၄၀၁(၁)အရ၊ လွတ်မြောက်သွားသော အကျဥ်းသား အကျဥ်းသူများအား လွှတ်ပေးသည့် အခမ်းအနားကို ယမန်နေ့နံနက် (၁၁:၅၀)အချိန်တွင် တောင်ငူအကျဥ်းထောင် ဧည့်ရိပ်သာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံ​တော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ စစ်ရေးပြကွင်းတွင် ဇန်နဝါရီ(၄)ရက်၊ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး နံနက် ၇ နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအားဖတ်ကြားခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး