ပဲခူးတိုင်းဒေသကြီး

ရွှေတောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့်အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဖိုးခေါင်အခြေခံပညာမူလတန်းကျောင်းနှင့် ကူကြီးအခြေခံပညာမူလတန်းကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် ကျောင်းအခြေပြုတီဘီရောဂါရှိ/မရှိ စမ်းသပ်စစ်ဆေးရှာဖွေခြင်းများ ကွင်းဆင်းဆောင်ရွက်

ကျောင်းသား/ ​​ကျောင်းသူများ တီဘီရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် တီဘီရောဂါပိုးစောစီးစွာရှာဖွေဖော်ထုတ်ကုသနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ​နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြုတီဘီရောဂါ ရှိ/ မရှိ စမ်းသပ်ရှာဖွေစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းကျောင်း(တည်သီးပြင်)နှင့် အခြေခံပညာမူလတန်းကျောင်း(ညောင်ကုန်း)တို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်ပညာ‌ရေးမှူးရုံးမှ ကြီးမှူးကျင်းပ‌သော မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊  ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညအထက်တန်းကျောင်း(ပေါင်းတည်)၌ ကျင်းပသည်။

ပန်းတောင်းမြို့နယ်တွင် စာရေးဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် စာပေဆုရရှိသူများအား ဂုဏ်ပြုခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဇန်နဝါရီ (၅) ရက်နေ့နံနက် (၉) နာရီအချိန် က ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ စာရေးဆရာအသင်းအလင်္ကာခန်းမတွင် မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် စာပေဆုရရှိသူ ဆရာကြီးနှစ်ဦးအား ဂုဏ်ပြုခြင်း အခမ်းအနားကျင်းပခဲ့သည်။

ဖြူးမြို့နယ်၌ ဆောင်းပဲသီးနှံမျိုးစုံအား လျာထားပြည့်မီ​ကျော်လွန် စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆောင်းပဲသီးနှံစိုက်ပျိုး၍ ဒေသအတွင်း ရိက္ခာဖူလုံရေး၊ တောင်သူများ စိုက်ပျိုးရေးကဏ္ဍဖြင့် ဝင်ငွေတိုးပွားရေးရည်ရွယ်၍ ယခုနှစ် ဆောင်းပဲသီးနှံမျိုးစုံ ၁၂၅၂၀၂ ဧကစိုက်ပျိုးနိုင်ရေးလျာထားပြီး အောက်တိုဘာလမှ  စတင်စိုက်ပျိုးခဲ့ရာ ၁၄၃၄၉၃ ဧက စိုက်ပျိုးပြီးစီးကာ လျာထားချက် ပြည့်မီကျော်လွန်ခဲ့ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းအိမ်ရာများနှင့် အငြိမ်းစားဝန်ထမ်းအိမ်ရာများ၌ အပတ်စဉ်အခြေခံစားသုံးကုန်နှင့် အသား/ ငါး/ ဥ / ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများနှင့် အငြိမ်းစားဝန်ထမ်းအိမ်ရာများ၌ အပတ်စဉ်အခြေခံစားသုံးကုန်နှင့် အသား/ ငါး/ ဥ ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှုအားပေးခဲ့သည်။

သာယာဝတီမြို့တွင် ခရိုင်အဆင့်(Grade-11)နှင့် (Grade-12)ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် (၄) သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်နှင့် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးတို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံပညာ(Grade-11)နှင့် (Grade-12) ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ဆောင်းရာသီ သီးပင်စားပင်နှင့်နှစ်ရှည်ပင်များ နှစ်စဥ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဒေသခံစိုက်ပျိုးရေးတောင်သူများအနေဖြင့် ဆောင်းရာသီ သီးပင်စားပင်နှင့် နှစ်ရှည်ပင်များနှစ်စဥ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းသူ၊ ကျောင်းသားများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ် အ.ထ.က ရေတာရှည်ကျောင်း၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အ.ထ.က ရေတာရှည်ကျောင်း၊ အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပညာရေးစုံညီပွဲတော်ကို နိုင်ငံတော်သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး