ပဲခူးတိုင်းဒေသကြီး

ကဝမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီက အ.မ.က(မူလွန်)အင်းဝ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်

နတ်တလင်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊စာအုပ်၊ စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊

သဲကုန်း​မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ​​စောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်​ကောင်းများရရှိ​စေ​ရန်အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယနေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ပေါက်မှော်)၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးနှောင်းဝါစိုက်တောင်သူများ ဝါတစ်ပိဿာ ၄,၈၀၀ ကျပ် ဈေးရရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြိုနယ်တွင် ယခုနှစ်မိုးနှောင်းရာသီစိုက် ချည်မျှင်ရှည်ဝါသီးနှံများဝါကောက်(သို့) ဆွတ်ခူးလျက်ရှိရာ ဝါတစ်ပိဿာ ၄,၈၀၀ ကျပ် ရရှိကြောင်း တောင်သူများထံမှ သိရသည်။

ရွှေကျင်မြို့နယ် အ.မ.က(မူလွန်) မဒေါက်ကလေးကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ သောင်လယ်ကျေးရွာ၊ အ.မ.က(မူလွန်) မဒေါက်ကလေးကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်(၈)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အ.ထ.က (အုန်းနှဲ) ကျောင်း၌ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင် သုခမင်္ဂလာကုမ္ပဏီ(MMU) အထူးကုနယ်လှည့်အဖွဲ့ရွေ့လျားဆေးကုသယာဥ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်းဆေးကုသးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်အမှတ် (၁) ချည်မျှင်နှင့် အထည်စက်ရုံတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အ.မ.က (မူလွန်) သောင်းတိုင်ကုန်းကျောင်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အ.မ.က(မူလွန်)သစ်တောကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ညောင်လေးပင်မြို့နယ် အ.မ.ကမူလွန်(လေးအိမ်စု)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ မွန်းလွဲ (၁၃) နာရီက ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ အ.မ.က မူလွန်လေးအိမ်စုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ မတ်ပဲစိုက်ပျိုးမှုလျာထားချက်ထက်ကျော်လွန်ကာ စိုက်ပျိုးဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အထိ မတ်ပဲ ၄၂၀၇၈ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး