ပေါင်းတည်၌ ဖူးစားပြောင်းပေါ်ချိန်စျေးကောင်းရရန် တောင်သူများမျှော်လင့်
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖူးစားပြောင်းကို မိုးရေ၊ ချောင်းရေ၊ မြေအောက်ရေများဖြင့် သုံးသီးစား သီးထပ်စိုက်ပျိုးကာ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခု ဆောင်းသီးနှံအတွက် ထိုင်ဝမ်ဖူးစားပြောင်းမျိုး ၁၈၃၇ ဧကစိုက်ပျိုးခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရပြီး ယခုအခါထိုစိုက်ပျိုးခင်းများမှ ပြောင်းဖူးများကို စတင်ခူးဆွတ်နေကြပြီဖြစ်ကြောင်း သိရသည်။