ပဲခူးတိုင်းဒေသကြီး

ပေါင်းတည်၌ စီမံကိန်းဝင် ဆီထွက်သီးနှံဆောင်းနေကြာ (၁၅၉၈) ဧက စိုက်ပျိုးထားရှိမှု ဖြစ်ထွန်းအောင်မြင်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းဝင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးရာ၌ ၁၅၉၈ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရသည်။

နတ်တလင်းမြို့၌ စားသုံးသူရေးရာဦးစီးဌာနမှ Thursday Talk အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ဝန်ထမ်းများအား Knowledge Sharingရရှိစေရန်ရည်ရွယ်၍ Thursday Talk အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က နတ်တလင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဖြူးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးနိုင်ရေး သွင်းအားစုများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ နွေစပါး ၁၇၃၈၉ ဧက စိုက်ပျိုးနိုင်ရေးနိုင်ငံတော်မှ သွင်းအားစုများ ပေးအပ်သွားမည်ဖြစ်ရာ နွေစပါးစိုက်​တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လူငယ့်အားမာန် သမဝါယမအသင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် ဆော်ဩခြင်းများ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မွေးမြူရေးပညာပေး ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းဗိုလ်ဦးဆောင်၍ တောင်ငူခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များနားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကုသရေးဦးစီးဌာနမှူး၏ စီစဥ်မှုဖြင့် ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးလျက်ရှိသည်။

ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာများဖြစ်ကြသော လူခါး၊ ကိုစိုးထိုက်(ဖဒို)၊ ဟမ်စိုင်း(ဆေး-မန်း)၊ ချမ်းငြိမ်း(ဟံသာဝတီ)၊ ပီတိ(ပေကြီး)၊ စိမ့်စမ်းဖြူ(ဆေးတက္ကသိုလ်)၊ ဟေမာလွင်တို့ ရေးသားထားသည့် "လူငယ်နှင့်အောင်မြင်မှု ပန်းတိုင်ဆီသို့"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်၌ အသက်(၂)လမှ အသက်(၂)နှစ်‌အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်း လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အသက်(၂)လမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ ထိုးနှံပေး‌နေကြောင်း သိရသည်။

ပေါင်းတည်၌ ဖူးစားပြောင်းပေါ်ချိန်စျေးကောင်းရရန် တောင်သူများမျှော်လင့်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖူးစားပြောင်းကို မိုးရေ၊ ချောင်းရေ၊ မြေအောက်ရေများဖြင့် သုံးသီးစား သီးထပ်စိုက်ပျိုးကာ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခု ဆောင်းသီးနှံအတွက် ထိုင်ဝမ်ဖူးစားပြောင်းမျိုး ၁၈၃၇ ဧကစိုက်ပျိုးခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရပြီး ယခုအခါထိုစိုက်ပျိုးခင်းများမှ ပြောင်းဖူးများကို စတင်ခူးဆွတ်နေကြပြီဖြစ်ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး