ပဲခူးတိုင်းဒေသကြီး

တောင်ငူခရိုင်အတွင်း မြေငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့်နေအိမ်များနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပပြုလုပ်

တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ဇွန်လ(၁၆)ရက်နေ့၊နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း မြေငလျင်ဒဏ်ကြောင့် နေအိမ်များနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

ရွှေကျင်မြို့တွင် "နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများ" စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ "နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများ" စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြိုနယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့ဆေးရုံသံဃာဆောင်တွင် ကျန်းမာရေးဝန်ထမ်း ဆရာမများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပြည်မြို့နယ် အနောက်လက်ခုပ်ပင်ကျေးရွာ၌ ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ပူးပေါင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအဖွဲ့အစည်းများနှင့် ဒေသခံကျေးရွာပြည်သူများ ပူးပေါင်းကာ ဇွန် ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ် အနောက်လက်ခုပ်ပင်ကျေးရွာ၌ ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ ပြည်သူများအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး (Pfizer XBB1.5 Gray Cap COVID- 19) ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Pfizer XBB1.5 Gray Cap COVID-19) ထိုးနှံပေးခြင်းကို သက်ဆိုင်ရာရပ်ကွက်များအလိုက် စုရပ်အသီးသီး၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းသွင်းအားစုပေးအပ်

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းသွင်းအားစု ပေးအပ်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ သမဝါယမဦးစီးဌာနရုံး၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် နွေစပါး (အောင်နိုင်တိုးစပါးမျိုး) လယ်မြေ(၁)ဧကတွင် စံကွက်ရိတ်သိမ်းပွဲအခမ်အနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၂၀C)၊ ကွင်းအတွင်းရှိ တောင်သူ ဦးစောလွင်၏ နွေစပါးစိုက်လယ်မြေတွင် နွေစပါး(အောင်နိုင်တိုးစပါးမျိုး) လယ်မြေ(၁)ဧကကွက်အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် နွေစပါးစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့ မီးသတ်တပ်ဖွဲ့စခန်းသို့ အသစ်ရောက်ရှိလာသော မီးသတ်အထာက်အကူပြုယာဉ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုလေ့လာ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် မီးသတ်ဦးစီးမှူးရုံးသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ အသစ်ထုတ်ပေးသော မီးသတ်အထောက်အကူပြုယာဉ်အား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ ဘေးကင်းလုံခြုံရေးနှင့် ရှေးဦးသူနာပြုစုခြင်း အသိပညာပေးဆွေးနွေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက ကြူတောကန်ကျေးရွာအုပ်စု၊ ကြူတောကန်ကျေးရွာနှင့် နတ်ပုတီးကျေးရွာတို့တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က မိုင်းအန္တရာယ်ဘေးကင်းလုံခြုံရေးနှင့် ရှေးဦးသူနာပြုစုခြင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရသည်။

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါင်းတည်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဇူလိုင်လ ၃ ရက်နေ့၌ ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသက်သာစိုက်ပျိုးခြံအတွင်း ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး