ပဲခူးတိုင်းဒေသကြီး

ပန်းတောင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတမြင့်မားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အ.မ.က (လွန်) နတ်မောက်ကျောင်းရှိ ဓမ္မစကူးသင်တန်းကျောင်းသို့ သွားရောက်ကာ အသိပညာပေးဟောပြောခဲ့သည်။

ညောင်လေးပင်မြို့နယ်၌ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုဆပ်ကပ်လှူဒါန်းသည့် စာအောင်ပူဇော်ပွဲနှင့် သာသနာ့ဗိမာန်တော်ကြီး ဘက်စုံလှူဒါန်းမှု ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုဆပ်ကပ်လှူဒါန်းသည့် စာအောင်ပူဇော်ပွဲနှင့် သာသနာ့ဗိမာန်တော်ကြီး ဘက်စုံလှူဒါန်းမှု ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က သာသနာ့ဗိမာန်တော်ကြီး ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးညိုမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ် စတင်ဆောက်လုပ်

ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဥ်‌ကျေးမှုမဟာသင်္ကြန်ပွဲ‌တော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းများကို ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေတာရှည်မြို့အတွင်းရှိ စားအုန်းဆီများဈေးနှုန်းမြှင့်တင်စွာရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ယမန်နေ့ နံနက်ပိုင်းက ဆွာ၊ သာဂရ၊ ရေနီမြို့ရှိ စားအုန်းဆီလက်လီ/ လက်ကားအရောင်းဆိုင်များ၌ ပြည်သူများထံ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ခွဲတမ်းရစားအုန်းဆီများရောင်းချပေးမှု ရှိ/ မရှိ အခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။

အုတ်တွင်းမြို့နယ်၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ယခုအခါ ရာသီဥတုပူပြင်းလာသဖြင့် ပြည်သူများအားအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက စျေးရပ်ကွက်ရှိဘုန်းတော်ကြီးကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီမြို့ ပြည်သူ့ဆေးရုံနှင့် စံရွေးတိုက်နယ်ဆေးရုံတွင် အပူဒဏ်ကာကွယ်ရေးကုသနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ယခုအခါ ပူပြင်းသည့်နွေရာသီကာလသို့ ရောက်ရှိနေပြီဖြစ်သဖြင့် အပူဒါဏ်ကြောင့်ဖြစ်ပေါ်တတ်သောရောဂါများဖြင့် ပြည်သူ့ဆေးရုံများသို့ လာရောက်ပြသသောလူနာများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း မတ် ၅ ရက်နေ့နံနက်က သိရသည်။

ရွှေကျင်မြို့တွင် ပါဠိပထမပြန်စာမေးပွဲ စူဠဘွဲနှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊‌ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပျဉ်းမပင်ရပ်ကွက်၊ လေးထပ်ဘုန်းတော်ကြီးကျောင်းတွင် ဧပြီလ(၄)ရက်နေ့ ညနေ (၄)နာရီအချိန်က ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာများကို စူဠဘွဲ့နှင်းသဘင်စာအောင်ဆုများ ဆပ်ကပ်ချီးမြှင့်ပွဲနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည့် အခမ်းအနားကျင်းပခဲ့သည်။

လက်ပံတန်မြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်  လက်ပံတန်းမြို့နယ်တွင် စားအုန်းဆီ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင် ၏ကြီးကြပ်ဦးဆောင်မှုဖြင့် ခရိုင်နှင့် မြို့နယ် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းနှင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မြို့မဈေးနှင့် လက်ကားအရောင်ဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဝေါမြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာလမ်း လျှောက်သင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို (၁၃.၄.၂၀၂၆) ရက်နေ့မှ (၁၆.၄.၂၀၂၆) ရက်နေ့အထိ လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ထန်းတပင်မြို့နယ်၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက် ၈ နာရီက မြို့မစည်ပင်သာယာဈေးနှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး