ပြည်မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းရောင်းချပေးခြင်း ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး၌ ယမန်နေ့ နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း ဆောင်ရွက်သည်။