ရေတာရှည် ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အား နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြမည်ဖြစ်ရာ ရေတာရှည်မြို့နယ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေတာရှည်မြို့၏ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပရေးအတွက် နှစ်စဉ်ကျင်းပလာသည့် အတာသင်္ကြန်ပွဲများထက် ထူးခြားလေးနက်သည့် အတာသင်္ကြန်ပွဲအား ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဆက်လက်ပြီး လမ်းလျှောက်သင်္ကြန်အား We Love Yedashe ရှေ့မှ စတင်၍ စံပယ်လမ်းတစ်လျှောက် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများပူးပေါင်း၍ ယခင်နှစ်ထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးမှာဖြစ်ပြီး ယခုနှစ်တွင် ထူးထူးခြားခြား သနပ်ခါးသင်္ကြန်မဏ္ဍပ် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နှစ်ဆန်းတစ်ရက်နေ့တွင်လည်း ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ သက်ကြီးပူဇော်ပွဲများအား စီစဉ်ဆောင်ရွက်ထားကြောင်း မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)