ပဲခူးတိုင်းဒေသကြီး

ဇီးကုန်းမြို့နယ်တွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများနှင့်သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးဝါးကြီးကြပ်ကော်မတီမှ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများနှင့် သက်တမ်းလွန် တိုင်းရင်းဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ယှဉ်ပြိုင်နိုင်ရေး ဖြူးမြို့နယ်တွင် လေ့ကျင့်သင်ကြား

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့မှ ဖြူးမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ  ကျောင်းသူအမျိုးသမီးငယ်များအား အဆိုပါကျောင်း ရာပြည့်ခန်းမ၌ (၃)ပတ်ကျော်ကာလအတွင်း နေ့စဉ်နံနက်ပိုင်းများတွင် လေ့ကျင့်သင်ကြားပေးနေလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ထန်းတပင်မြို့နယ်၌ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ရေဘေးသင့် အိမ်ထောင်စု ( ၅၆၂) စု အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့မှ သဘာဝဘေးရန်ပုံငွေဖြင့် ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းဒဏ်‌ကြောင့်ဖြစ်ပေါ်ခဲ့သည့် ရေဘေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အောင်သုခရပ်ကွက် ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ တစ်ဆင့်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေး ကျောင်းသား/သူများအား တွေ့ဆုံဟောပြော

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်အောင်ချက်မြင့်မားရေး‌အတွက် တိုင်းခွဲပညာရေးမှူးမှ ကျောင်းသား/သူများ အားတွေ့ဆုံဟောပြောခြင်းကို အခြေခံပညာအထက်တန်းကျောင်း(မြို့ပြင်) အေးမြသီတာခန်းမ၌ ယနေ့နံနက် ၁၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.လ.က(ချည်မျှင်)ကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းလှမြို့ အမှတ်(၇)ပြည်တော်သာရပ်ကွက်အတွင်းရှိ လမ်းများ ကွန်ကရစ်လမ်းခင်းကျင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာ‌ရေးနှစ်၊ အဖွဲ့ခွင့်ပြုရန်ပုံငွေ (၃၇.၇၅)သန်းဖြင့် ဆောင်ရွက်သည့် အမှတ်(၇) ပြည်တော်သာရပ်ကွက်အတွင်းရှိ လမ်းများ ကွန်ကရစ်လမ်းခင်းကျင်းခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုအဖြစ် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းပုတီးကုန်း၊ ပညာရတနာခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုအဖြစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပခဲ့သည်။

ထူးခြားဖြစ်စဉ်သတင်းပေးပို့ခြင်း ရေတာရှည်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သစ်ပင်ပြိုလဲမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့တွင် ယမန်နေ့ နံနက်(၉)ခွဲအချိန်၌ လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတာရှည်မြို့နယ်၊ မြို့လှမြို့ အမှတ်(၅)ရပ်ကွက် ဦးထွန်းထွန်းနိုင်၏ နေအိမ်ဘေးတွင်ရှိသော သစ်ပင်ပြိုလဲပြီး (၃) ပင်ပတ်လည်သွပ်မိုး၊ ထရံကာနေအိမ်ပေါ်သို့ ပိ၍နေအိမ်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၅၀၀၀၀၀) ကျပ်ခန့်ရှိကြောင်း သိရသည်။

ပြည်မြို့ အ.ထ.က(အောင်ဆန်း)ကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ တိုက်ဖျက်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်မြို့ (အောင်ဆန်း) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ တိုက်ဖျက်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ကြသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး