ပဲခူးတိုင်းဒေသကြီး

ရွှေကျင်မြို့တွင် ကလေးအလုပ်သမားလျှော့ချ‌ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား‌လျှော့ချရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။

ပဲခူးမြို့၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနမှကြီးမှူးပြီး ဩဂုတ်လ (၁၁)ရက်နေ့နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးလျာထားချက်ဧက(၇၆၁၄၁)စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် လျာထားချက်ဧက(၇၆၁၄၁)ရှိရာ လျာထားချက်ပြည့်မှီစွာစိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုးကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝက်တိုးကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းအား ဩဂုတ်လ ၅ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မင်းလှမြို့နယ်၌နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID (Smart Card) များကွင်းဆင်းဆောင်ရွက်‌ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID(Smart Card)များ ကွင်းဆင်းဆောင်ရွက်‌ပေးခြင်းကို စစ်ကွင်းမြို့၊ မြို့မရပ်ကွက်၌ ယမန်နေ့ကပြုလုပ်ခဲ့သည်။

အ.ထ.က(တောင်ဇင်း)ကျောင်း၌ သဘာဝဘေး‌အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ တောင်ဇင်းကျေးရွာရှိ အ.ထ.က(တောင်ဇင်း)ကျောင်း၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပြုလုပ်ခဲ့‌သည်။

ပေါင်းတည်မြို့နယ် သပြေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဩဂုတ် ၉ ရက် နေ့လယ် ၁နာရီက နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။

လက်ပံတန်းမြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး‌အတွက် တိုင်းခွဲပညာရေးမှူးက ကျောင်းသား/ သူများအားတွေ့ဆုံဆွေးနွေးခြင်းကို မြို့နယ်အထက(၁) ခန်းမ၌  ဩဂုတ် ၉ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အပတ်စဉ်စနေနေ့တိုင်း မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အပတ်စဉ်စနေနေ့တိုင်း မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ဩဂုတ်(၉)ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ်၌ ဥပဒေအရကိုင်ဆောင်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးနှင့် အိမ်ထောင်စုစာရင်းဆိုင်ရာဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးက ကျင်းပပြုလုပ်သည့်  ဥပဒေအရကိုင်ဆောင်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးနှင့် အိမ်ထောင်စုစာရင်းဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး