ကြို့ပင်ကောက်မြို့နယ်၌ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲအခမ်းအနားကို အ.ထ.က (ကြို့ပင်ကောက်) ကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။