ဧရာဝတီတိုင်းဒေသကြီး

မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးရေတော်မိုးတော် ထွန်တုံးပိတ်ပွဲနှင့် ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးရေတော်မိုးတော်ထွန်တုံးပိတ်ပွဲနှင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဓာတ်မြေဩဇာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မရဲ့အုန်းပင်စုကျေးရွာ အုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်အတိုင်း ရောင်းချခြင်း ရှိ၊ မရှိ FDA မှ ရှောင်တခင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ စျေးကွက်တွင် ရောင်းချလျက်ရှိသော ဆေးအရောင်းဆိုင်များအား သတ်မှတ်စည်းမျဉ်စည်းကမ်းချက်များနှင့် ညီ/မညီ ကျန်းမာရေးဝန်ကြီး ဌာနက သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်၊ ကျေးရွာများရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်၊ ကျေးရွာများရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပုသိမ်မြို့တွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းစတင်၍ ရပ်ကွက်အသီးသီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက်၊ အားကစားခန်းမတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပသည့် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်ကကျင်းပခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များ အသုံးပြုသွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ပြည်သူများသို့ အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၄) ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ အားကစားခန်းမသစ်၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ၍ လာရောက်နေထိုင်သည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ချီးမြှင့်‌ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍လာရောက်နေထိုင်သည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ဇလွန်မြို့နယ်တွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အိမ်မဲမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် မြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသောပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မဲပေးစက်ဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိပဲ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို  ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ် (၁) ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး