ကန်ကြီးထောင့်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးနေ့ အသိပညာပေးဟောပြောပွဲပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးနေ့နှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ ပိုမိုသိရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးနေ့ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လည်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ဒါးက)ရှိ နဝရတ်ခန်းမတွင် ပြုလုပ်ခဲ့သည်။