ဧရာဝတီတိုင်းဒေသကြီး

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြန်အောင်ခရိုင်အဆင့် ပြိုင်ပွ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြန်အောင်ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့က မြန်အောင်ခရိုင်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းအုပ်စု၊ ဝက်ချောင်းကျေးရွာ၊ ဇေယျသုခကျောင်းတိုက်၊ ဓမ္မာရုံအတွင်း မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့၌ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ​ကြံခင်းမြို့၊ မဟာဘောဂလမ်း၊ ဈေးတာဝန်ခံရုံးရှေ့တွင် အခြေခံပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်စေရန် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ် ကျဆင်းရေးကော်မတီက ယနေ့နံနက် ၈ နာရီက အခြေခံစားသောက်ကုန်များဖြစ်သော ကြက်ဥ၊ စားအုန်းဆီနှင့် အသားများကို စျေးနှုန်းသက်သာသောစွာဖြင့် ဝယ်ယူနိုင်စေရန်အတွက် ရောင်းချပေးလျက်ရှိသည်။

ရွှေကျင်တိုက်နယ်မှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ရွှေကျင်တိုက်နယ်မှ မဲဆန္ဒရှင်ပြည်သူ များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို သြဂုတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့က ရွှေကျင်တိုက်နယ် သရက်ပင်ဆယ် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

မြောင်းမြမြို့တွင် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

ဧရာဝတိတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲအား မြောင်းမြမြို့ မြို့မအားကစားကွင်းအတွင်းတွင် ယမန်နေ့ညနေ(၃)နာရီအချိန်က ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်၌ သဘာ၀‌‌မြေသြဇာ (ဗေဒါမြေဆွေး) လက်တွေ့ပြုလုပ်သုံးစွဲခြင်း တောင်သူပညာပေး သရုပ်ပြပွဲပြုလုပ်

မြေလွှာပျက်စီးမှုမှကာကွယ်ရန်နှင့် တောင်သူများရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် ကျီးအိုင်ကျေးရွာအုပ်စု၊ တောင်သူ ဦး‌မန်းစိုးသိန်း၏ ခြံမြေအတွင်း၌ ၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် သဘာ၀‌‌မြေသြဇာ (ဗေဒါမြေဆွေး) လက်တွေ့ပြုလုပ်သုံးစွဲခြင်း တောင်သူပညာပေး သရုပ်ပြပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပြုလုပ်သည်။

ကွင်းကောက်ဒေသတွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊‌ ကွင်း‌ကောက်ဒေသအတွင်းရှိကျေးရွာ အုပ်စုများမှ မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းကောက်‌(မြောက်) ကျေးရွာမြတ်ဓမ္မရောင်ခြည်သာသနာ့ဗိမာန်တော်တွင် ပြုလုပ်ခဲ့သည်။

ကြံခင်းမြို့၌ နိုင်ငံစီပွားရန်ပုံငွေနှင့် အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက နိုင်ငံစီပွားရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းအခမ်းအနားကျင်းပခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၌ မဲဆန္ဒရှင်များအား မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှကြီးမှူး၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား မြန်မာ့အီလက်ထရောနှစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ သိရှိစေရန်ရည်ရွယ်ချက်ဖြင့် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဩဂုတ်လ(၁၈)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းတွင်းလည်း ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျုံပျော်တွင် တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်းမရှိသော တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး