ငပုတောမြို့၌ မြေပြင်လူဦးရေစာရင်းစစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်မြေပြင် လူဦးရေစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးမှုအခြေအနေ၊ မြို့နယ်အတွင်းအိမ်ရှိ လူမရှိမှုအခြေအနေအားသွားရောက်ကြည့်ရှုစစ်ဆေးသည်။