ဧရာဝတီတိုင်းဒေသကြီး

မြန်အောင်မြို့နယ် သပြေကုန်းတိုက်နယ်အတွင်း စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ သပြေကုန်းတိုက်နယ်အတွင်း၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ယမန်နေ့နံနက်က စားအုန်းဆီများကို သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချပေးခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဖျာပုံခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့နှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ဖျာပုံခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့များအား ယနေ့နံနက်(၁၁)နာရီ အချိန်ကဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ကျုံပျော်မြို့၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေး

ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေးအတွက် လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဇလွန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များတွင် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း  မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ခရိုင်၊ မြို့နယ်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများ  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများ ဇလွန်မြို့နယ်အတွင်း လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးနေမှုအား ကြည့်ရှုစစ်​ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်စန်းချစ်နှင့်တာဝန်ရှိသူများသည် ယနေ့မွန်းတည့် ၁၂နာရီတွင် မေရီလန်းကျေးရွာအုပ်စု မေရီလန်းကျေးရွာတွင် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကျုံပျော်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

၂၀၂၅ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ‌၌ ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်သည်။

ဓနုဖြူမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ KG ကျောင်းအတွင်း အာဟာရကျွေးမွေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ KG ကျောင်းအတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့စက်တင်ဘာလ ၅ ရက်နေ့ နေ့လည်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မအူပင်မြို့နယ်အတွင်း ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများထံသို့ သွင်းအားစုဓါတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများထံသို့ သွင်းအားစုဓါတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျုံစုတ်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်အတွင်း လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် စက်တင်ဘာလ(၃)ရက်နေ့မွန်းလွဲပိုင်းက ညောင်တုန်းမြို့နယ်အတွင်းရှိ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး