ဧရာဝတီတိုင်းဒေသကြီး

မြောင်းမြတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့်တာဝန်ရှိသူများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်လိုအပ်သည့် ဒေသခံပြည်သူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ယနေ့နံနက်ပိုင်းမှစ၍  ဝဲကလေးကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူး၍ (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အကြို ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို စက်တင်ဘာလ (၂၅) ရက်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရှိ မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့ အမှတ်(၁)အ.ထ.ကကျောင်း၌ ခွေးရူးရောဂါကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ခွေးရူးရောဂါ ကာကွယ်ရေးနှင့်ကူးစက်ပျံ့နှံ့ပုံအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပညာပေးဟောပြော ပွဲကို ယနေ့နံနက် ၁၀နာရီ အချိန်က အမှတ် (၁) ‌အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့ အ.ထ.က(၁)ကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ပညာ ခန်းမ၌ “ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေ” အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ငပုတောမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဆုရရှိခဲ့သော ကျောင်းများ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသည့် ဆရာ/မများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဗေဒါမြေဆွေး ကွင်းဆင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျုံတုံးကြီးကျေးရွာ၌ ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ လယ်မြေများတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ ဗေဒါမြေဆွေး ပြုလုပ်ခြင်းအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့ရှိ ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါဆောင်များအား ကျန်းမာရေး၊ မီးဘေး၊ လျှပ်စစ်ကင်းရှင်းရေး ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါအဆောင်များအား ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနနှင့် မြို့နယ်စည်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကျန်းမာရေး၊ မီးဘေးနှင့်လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ပူးပေါင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့‌ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် ကျောင်းအခြေပြု ကာကွယ်ဆေးများ ထိုးနှံလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ မဖြစ်ပွားစေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကင်းရပ်ကွက်ရှိ အ.မ.က(၂၀)ကျောင်း၌ ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်ကျာင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး