မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြန်အောင်မြို့ သန့်ရှင်းသာယာလှပရေး ကြည့်ရှုစစ်ဆေး၊ စုပေါင်းသန့်ရှင်းရေးနှင့် ပန်းအလှပင်များ စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်က မြို့နယ်အတွင်း စုပေါင်းသန့်ရှင်းရေးနှင့် ပန်းအလှပင်များ စိုက်ပျိုးနေမှုအား မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင် ကြည့်ရှုအားပေး၍ မြို့သန့်ရှင်းသာယာလှပရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။