ဓနုဖြူမြို့တွင် အမှတ် (၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (ပြဇာတ်ကြီးတပ်စု) မှ ဒေသခံပြည်သူများအား ဖျော်ဖြေပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ် (၁၀၈) ခြေမြန်တပ်ရင်း သူရအေးကိုခန်းမတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ အမှတ် (၂) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (ပြဇာတ်ကြီးတပ်စု) မှ ဒေသခံပြည်သူများအား ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ ည (၇) နာရီအချိန်က ကျင်းပပြုလုပ်သည်။