ဓနုဖြူမြို့တွင် အမှတ် (၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (ပြဇာတ်ကြီးတပ်စု) မှ ဒေသခံပြည်သူများအား ဖျော်ဖြေပွဲ ကျင်းပ

ဓနုဖြူ နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ် (၁၀၈) ခြေမြန်တပ်ရင်း သူရအေးကိုခန်းမတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ အမှတ် (၂) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (ပြဇာတ်ကြီးတပ်စု) မှ ဒေသခံပြည်သူများအား ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ ည (၇) နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါဖျော်ဖြေပွဲတွင် တေးသီချင်းများ၊ ယိမ်းအကအလှများ၊ တေးသရုပ်ဖော်အကများ၊ Dancer အကများ၊ တိုင်းရင်းသားရိုးရာအကများ၊ မျက်လှည့်ပြကွက်များဖြင့်ဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမှတ်(၁၀၈)ခြေမြန်တပ်ရင်းမှအရာရှိ/စစ်သည်များနှင့်မိသားစုဝင်များ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)