မန္တလေးတိုင်းဒေသကြီး

တောင်သာမြို့ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာလ ၁၀ရက် နံနက် ၉ နာရီအချိန်က မင်းစုအခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

တောင်သာမြို့၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့် အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင်းအရေး မဆုံးရှုံးစေရန် ပြည်သူများအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က လူစည်းကားရာနေရာများနှင့် မင်းစုအ.ထ.ကကျောင်းတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသောဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘတ်စကတ်ဘောအားကစားရုံ၌ ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းမှစ၍ နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ညနေ ၅ နာရီအချိန်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ပန်းခင်းစီမံချက် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအနက်မှ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းတွင် မပါရှိသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို  မြို့မရပ်ကွက်၊ ရွှေစေတီဘုရားဝန်းအတွင်းရှိ ဓမ္မာရုံ၌ ဒီဇင်ဘာ ၈ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်‌ပေးခဲ့ကြသည်။

အောင်မြေသာစံခရိုင်တွင် ရွေးကောက်ဆိုင်ရာ အသိပညာပေး (Billboard) စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှု (Billboard) စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအခမ်းအနားကို ဒီဇင်ဘာ ၈ ရက်က အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် နယ်နိမတ်အစပ်ရှိ ၁၉ လမ်းမကြီး မြို့ပတ်လမ်းထိပ်၌ ကျင်းပရာ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ ပုသိမ်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊  အောင်မြေသာစံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်း၌  ပျက်စီးသွားသည့် ၆/၈ တံတားအား  ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သဘာဝဘေးကြောင့် ပျက်စီးသွားသည့်  ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်းမှ ၆/၈ တံတားအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၇၀.၀၀၀)သန်းအကုန်အကျခံကာ မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများပြီးစီးပြီဖြစ်၍ ပြည်သူများအချိန်အခါမရွေး လွယ်ကူချောမွေ့စွာသွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

တံတားဦးမြို့ boc စက်သုံးဆီအရောင်းဆိုင်တွင် လက်တွေ့မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ

တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဒီဇင်ဘာ ၈ ရက်နေ့က boc စက်သုံးဆီ အရောင်းဆိုင်တွင် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းကို ဆောင်ရွက်ကြောင်းသိရသည် ။

မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် ရပ်ကွက်များရှိ မဲရုံများအဆင်ပြေ ချောမွေ့မှုရှိစေရေး တာဝန်ရှိသူများ သွားရောက်ကြည့်ရှု

‎မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် ရပ်ကွက်များရှိ မဲရုံများအဆင်ပြေချောမွေ့မှုရှိစေရေး ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သံလျှက်မှော်အရှေ့ရပ်ကွက်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ဒေးဝန်းအရှေ့ရပ်ကွက်သို့ သွားရောက်ကြည့်ရှုကြောင်း  သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ KTV ဆိုင်များ မီးဘေးလုံခြုံ‌ရေး စစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ KTVဆိုင်များအား ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက  မြို့နယ်မီးသတ်ဦးစီးဌာနက စစ်ဆေး‌ဆောင်ရွက်ခဲ့သည်။

မြင်းခြံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးနည်း သရုပ်ပြ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် မြင်းခြံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးနည်း သရုပ်ပြပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး