မန္တလေးတိုင်းဒေသကြီး

စဉ့်ကိုင်မြို့နယ် ဘဝအလင်းသစ်စာကြည့်တိုက်၌ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (သင်္ဂတုံ)တို့ ပူးပေါင်း၍ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူကုန်ကူးမှုအန္တရာယ်အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက သင်္ဂတုံကျေးရွာရှိ ဘဝအလင်းသစ် စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူလူငယ်များ အသိအလိမ်အမာတိုးပွားစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများ တိုးပွားစေရေး၊  နိုင်ငံ‌တော်အတွက် အကျိုးပြုနိုင်‌သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ လူငယ်ရေး‌ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ (၁) နာရီက တရုတ်စုရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (တရုတ်စု) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်၌ ‎ ခရစ်စမတ်အကြို ပျော်ပွဲရွှင်ပွဲအခမ်းအနား ကျင်းပ

Sweet December, Merry Christmas and Happy New Year 2026 ကို ကြိုဆိုသောအားဖြင့် ခရစ်စမတ်အကြို ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်(မန္တလေး)ရှိ ဇီဝကခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော “လူငယ် ဆိုတာလန်းရမယ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲ (၂) နာရီက  မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၉) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၉) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဗလငါးတန်နှင့် ပြည့်စုံစေသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် ဒီဇင်ဘာ ၈ ရက်နေ့က  လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

သာစည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့်လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး လူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက တမာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်ပန်းတောင်းမြို့နယ်၌ အောင်နိုင်တိုးမျိုး မိုးစပါးစံကွက်ရိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါး ကွင်းပြတ်စံကွက်ရိတ်သိမ်းပွဲကို၊ ဒီဇင်ဘာ ၈ ရက်နေ့ နံနက်က ကိုင်းကျေးရွာအုပ်စု ကွင်းအမှတ်- ၂၂၆၈၊ တောင်သူ ဦးသာဩ၏ မိုးစပါး ၁.၀၀ ဧကတွင် ပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်၌ အောင်နိုင်တိုးမျိုး မိုးစပါးစံကွက်ရိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးကွင်းပြတ် စံကွက်ရိတ်သိမ်းပွဲကို၊ ဒီဇင်ဘာ ၈ ရက်နေ့ နံနက်က ကိုင်းကျေးရွာအုပ်စု ကွင်းအမှတ်- ၂၂၆၈၊ တောင်သူ ဦးသာဩ၏ မိုးစပါး ၁.၀၀ ဧကတွင် ပြုလုပ်ခဲ့သည်။

တောင်သာမြို့ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာလ ၁၀ရက် နံနက် ၉ နာရီအချိန်က မင်းစုအခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး