စဉ့်ကိုင်မြို့နယ်၌ အဓိကသီးနှံမျိုးများ ပန်းတိုင်အထွက်နှုန်းမရရှိခြင်း အကြောင်းအရင်းများ တောင်သူတစ်ဦးချင်းစီ စစ်တမ်းကောက်ယူ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏ မျိုး၊ မြေ၊ ရေ၊ နည်း နည်းပညာ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောာင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ဒီဇင်ဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် စဉ့်ကိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာများအရောက် တောင်သူများထံ မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။