မန္တလေးတိုင်းဒေသကြီး

စဉ့်ကိုင်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်အောင်မြင်ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေးရှိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မေ ၁၀ ရက် နံနက် ၉ နာရီက လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ပြင်ဦးလွင်လူရည်ချွန်စခန်း စခန်းသိမ်း မီးပုံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ပြင်ဦးလွင်လူရည်ချွန်စခန်း စခန်းသိမ်းမီးပုံပွဲအောင်ပွဲအခမ်းအနားကို မေလ ၉ ရက်နေ့ ည ၇ နာရီက ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE-Falls) တွင် ကျင်းပသည်။

ကျောက်ဆည်မြို့၌ သံပယိုသီးဈေးကွက်ကောင်းမွန်သည့်အတွက် စိုက်ပျိုးသူ ပိုမိုများလာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌  သံပုယိုသီးဈေးကွက် ကောင်းမွန်သည့်အတွက် စိုက်ပျိုးသူ ပိုမိုများလာကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ Pilot Project အစီအစဉ်အရ အခြေခံဘောလုံးနှင့် ဆက်စပ်အားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ Pilot Project အစီအစဉ်အရ ဖွင့်လှစ်သည့် အခြေခံဘောလုံးနှင့် ဆက်စပ်အားကစား သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာခန်းမ၌ ကျင်းပခဲ့သည်။

ညောင်ဦးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့်အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာအုပ်စု တောင်ဘကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊နွားများတွင် အဖြစ်များတတ်သော ပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အခြေခံမွေးမြူရေးသင်တန်းကို ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဂံမြို့ဟောင်း ကျန်စစ်မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် အာနန္ဒာမြတ်စွာဘုရားကြီးတိုက်မပေါ်ရှိ အရန်စေတီလေးဆူအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းစတင်

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းရှိ ကျန်စစ်မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် အာနန္ဒာဘုရားကြီး တိုက်မပေါ်ထပ်ရှိ စေတီအရန်လေးဆူ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို မေ ၉ ရက်၊ယမန်နေ့ နံနက် ၁၁ နာရီက ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ အရန်စေတီလေးဆူလုံးတော်ပြည့် ရွှေသင်္ကန်းစတင်ကပ်လှူပူဇော်ခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်အတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့တွင် ခွင့်မပြုဆိုးဆေးနှင့် ခွင့်မပြုတာရှည်ခံဓာတုပစ္စည်းများ အသုံးပြုခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-မန္တလေးမှ တာဝန်ရှိသူများသည် စဉ့်ကိုင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ ဖြစ်ကြသည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မေလ ၈ ရက်နေ့က စဉ့်ကိုင်မြို့နယ်၊ မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ကြသည်။

ပြင်ဦးလွင် လူရည်ချွန်စခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်လူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပြင်ဦးလွင်မြို့နယ်ရှိ ကန်တော်ကြီးအမျိုးသားအထိမ်းအမှတ် ဥယျာဉ်၌ ကျင်းပသည်။

စဉ့်ကိုင်မြို့နယ်၌ ပျားအိမ်အမျိုးအစားအလိုက် ကုန်ကျစရိတ်၊ အားသာချက်နှင့် အားနည်းချက်များ ရှင်းလင်းဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ဒေသခံတောင်သူများ ပျားဖြင့်ဝတ်မှုန်ကူးခြင်းလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ အသုံးချတတ်စေရန်၊ စီးပွားဖြစ်ပျားမွေးမြူသူများအတွက် ကုန်စရိတ်ပိုမိုသက်သာစေရန်စသည်တို့ကို သိရှိ‌စေရန် ရည်ရွယ်ကာ ပျားအိမ်အမျိုးအစားအလိုက် ကုန်ကျစရိတ်၊ အားသာချက်နှင့် အားနည်းချက်များ ရှင်းလင်းပြသပွဲကို မေ ၈ရက် မွန်းလွဲ၂ နာရီက ဆည်ရွာကျေးရွာအုပ်စု၊ ဆည်ရွာကျေးရွာရှိ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲရုံးအတွင်း၌ ပြုလုပ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး