မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ကျောက်ပန်းတောင်းမြို့နယ်တွင် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်နိုင်ရန် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များ လာရောက်ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းမှ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တိုင်းဦးစီးမှူးများ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် Zeya & Associates နှင့် Rosatom Renewable Energy ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းကြယ်သီးထိုးနည်း (အခမဲ့) သင်တန်း ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မနောက်ရပ်ကွက် အတွင်းရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ပန်းကြယ်သီးထိုးနည်း (အခမဲ့) သင်တန်းကို ဇန်နဝါရီလ (၁၄) ရက်နေ့နှင့် (၁၅) ရက် နေ့တို့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ (၂)နာရီက ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ် စာစောင် ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သားဖွားသင်တန်းကျောင်း-မန္တလေး၊ ဘက်စုံသားဖွားဒီပလိုမာ၊ အမှတ်စဉ် (၉) သင်တန်းသူများအား ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ ကျင်းပ

သားဖွားသင်တန်းကျောင်း-မန္တလေး၊ ဘက်စုံသားဖွားဒီပလိုမာ၊ အမှတ်စဉ် (၉) သင်တန်းသူများအား ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲနှစ်နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ သားဖွားသင်တန်း ကျောင်းတွင် ကျင်းပပြုလုပ်သည်။

မန္တ‌လေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်အတွင်းရှိ ရွှေလုပ်ငန်းရှင်များ၊ ဓာတ်သတ္ထု(ရွှေ) ရောင်းဝယ်ခြင်းလုပ်ငန်း လုပ်ကိုင်သူများနှင့်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ သယံဇတရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဓါတ်သတ္ထု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေဇင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်အတွင်းရှိ ရွှေလုပ်ငန်းရှင်များ၊ ဓါတ်သတ္ထုရောင်းဝယ်ခြင်း လုပ်ငန်းလုပ်ကိုင်သူများနှင့်တွေ့ဆုံပြီး ဝန်ဆောင်မှုလိုင်စင်လျှောက်ထားမှုများနှင့်ပတ်သတ်၍ ဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချည်မျှင်ရှည်ဝါ Grade ခွဲခြားဝယ်ယူ ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် ဝါစုပေါင်းရောင်းချပွဲကျင်းပ

မန္တလေးတိုင်း‌‌ဒေသကြီး၊ ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများအား ချည်မျှင်ရှည်ဝါ Grade ခွဲခြားဝယ်ယူရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရွှေဒါးသာစည်အုပ်စု၊တိုးပွားကြီး ဝါကြိတ်စက်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)၌ ယမန်နေ့နံနက်ပိုင်းက မြတ်ရတနာခန်းမတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပခဲ့သည်။

မြစ်သားမြို့နယ် Green Power Solar Project မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးအကြံပြုခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်​ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပွင့်လင်း ရာသီရောက်ရှိလာပြီ ဖြစ်သောကြောင့် Green Power Solar Project သို့သွားရောက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ ဦးအောင်မင်းကျော် ဦးဆောင်ပြီး မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးအကြံပြုခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်​​ခြင်းတို့အား ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်မည်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံမြို့ သီရိပစ္စယာရပ်ရှိ အေဒီ (၁၁) ရာစု၊ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် စွယ်တော် (၄) ဆူအနက် တစ်ဆူအပါအဝင် ဖြစ်သည့် လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

ဆေးဝါးတက္ကသိုလ်(မန္တလေး)၂၀၂၅ ပညာသင်နှစ်အားကစားပြိုင်ပွဲများကျင်းပ

 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဆေးဝါးတက္ကသိုလ်(မန္တလေး) ၌  ၂၀၂၅ ပညာသင်နှစ် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ် ပင်မဆောင်ရှေ့တွင် ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး