မန္တလေးတိုင်းဒေသကြီး

​​​​​​​မဟာအောင်မြေမြို့နယ် အလင်းတန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အလင်းတန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူကုန်ကူးမှု တားဆီးရေးနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်မြို့၊ အမှတ် (၉၂) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး၊ မန္တလေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့၊ မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စုတို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်ရှိ ဘူမိနယ်မြေ (၅) တောင်နီတောင်ချယ်ဆီဒိုနီနှင့် မြေစေးတွင်းထွက်များကို လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်ရှိ ပုပ္ပားတောင်သည် နှစ်သန်းပေါင်းများစွာက မီးတောင်ရှင်တစ်လုံးဖြစ်ခဲ့ပြီး မီးတောင်ပေါက်ကွဲစဉ် မီးတောင်ပြာများ၊ ချော်တုန်းချော်ခဲများ နှစ်ကာလကြာမြင့်လာချိန် အသွင်ပြောင်းလာရာမှ တန်ဖိုးမဖြတ်နိုင်သည့် ကျောက်ဆိုင်ကျောက်သားများ ဖြစ်လာကာ ပုပ္ပားတောင်မကြီးရှိ ကျောက်ဆိုင်ကျောက်သားများ ထက်နှစ်သက်တမ်းပိုစောသည့် ဘူမိနယ်မြေ (၅) အဖြစ် သတ်မှတ်ထားသော ကိုင်းကျေးရွာနှင့်မြိုင် သာယာကျေးရွာကြား ကျောက်ပန်းတောင်း - မိတ္ထီလာကားလမ်းမကြီးဘေးရှိ တောင်နီတောင်မှာရှိသည့် တောင်နီတောင်ချယ်ဆီဒိုနီနှင့် မြေစေးတွင်းထွက်များကို စိတ်ပါဝင်စားသူ မည်သူမဆို လေ့လာနိုင်ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာမူလတန်းလွန်ကျောင်း အမှတ် (၂) ၌ ကျင်းပပြုလုပ်ခဲ့သည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး) တွင် နဝမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာနှင့်ပထမအကြိမ် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နဝမအကြိမ်မြောက် စိုက်ပျိုးရေး ဒီပလိုမာနှင့် ပထမအကြိမ် မွေးမြူရေး ဒီပလိုမာ အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး)၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ဒီပလိုမာလက်မှတ် အပ်နှင်းခံရသည့် ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရေစီးရေလာကောင်းမွန်စေရန် မြစ်သားမြို့နယ်အတွင်းရှိ ရေဆိုးထုတ်မြောင်းများအား ပြုပြင်တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်

မန္တ​လေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုမဖြစ်ပေါ်‌စေရန်အတွက် ရေဆိုးထုတ်မြောင်း များအား လူအင်အား၊ စက်ယန္တရားများဖြင့် ရေဆိုးထုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်‌စေရန် တူးဖော်‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အရေးစွမ်းရည်မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီက အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သာစည်မြို့နယ် ရေဘေးသင့်ပြည်သူများအား ပံ့ပိုးကူညီသည့် ပစ္စည်းများ ပေးအပ်

ပြည်တွင်းပြည်ပအလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရထံ ပေးပို့လှူဒါန်းထားသည့်ပစ္စည်းများအား မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့က သာစည်မြို့နယ် ရေဘေးသင့်ပြည်သူများထံ ပေးအပ်ပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက မိတ္ထီလာခရိုင် သာစည်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်ပြည့်အား ဂုဏ်ပြသည့်အနေဖြင့် မဟာမုနိဘုရားကြီးတွင် Solar လျှပ်စစ်မီးတပ်ဆင်လှူဒါန်းခြင်းအခမ်းအနား ကျင်းပ

မြန်မာ-တရုတ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်ပြည့်အား ဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ လှူဒါန်း၍ မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှ ပူးပေါင်းဆောင်ရွက်သည့် မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် အမေရိကန်ဒေါ်လာ ၁၄၀၀၀ တန်ဖိုးရှိ 30kw Solar လျှပ်စစ်မီး တပ်ဆင် လှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီလ (၂၂) ရက်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ အဆိုပါ မဟာမုနိဘုရားကြီးတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms. Gao Ping၊ မြန်မာ-တရုတ်ပူးပေါင်း ဆက်ဆံရေးဗဟိုအသင်းမှ တာဝန်ရှိသူများ၊ ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြင်ဦးလွင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ဇမ်နဝါရီလ (၂၂) ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး