မြစ်သားမြို့နယ် ရွှေသူဌေးရပ်ကွက် မာဃလမ်းရှိ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ် (၂) လုံးအတွက် ဆန်၊ အိမ်ဆောက်ပစ္စည်းနှင့်ကယ်ဆယ်ရေးပစ္စည်များ ပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေသူဌေးရပ်ကွက် မာဃလမ်းရှိ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ် (၂) လုံးအတွက် ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေ (၃) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။