မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး မိတ္ထီလာမြို့ရှောင်လမ်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်သွားရန် ဒေသခံကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် မိတ္ထီလာမြို့နယ်အတွင်းရှိ ဂွေ့ကြီး-တည်ပင်ကုန်း-ညောင်ပင်ကုန်း-ကန်တောင်လမ်းအား မိတ္ထီလာမြို့ ရှောင်လမ်းအဖြစ် အဆင့်မြှင်တင်တည်ဆောက်သွားရန်အတွက် ဒေသခံကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက်က ဂွေ့ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ဆောင်းမြေပဲသီးနှံ ငမြှောင်တောင်ပိုးကာကွယ်နှိမ်းနင်း၍ တောင်သူနည်းပညာပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် နတ်ကြို့အိုင်အုပ်စု၊ ရွှေတွင်းကျေးရွာ ဆောင်းမြေပဲမျိုးစေ့ထုတ်စိုက်ခင်း (၃၅.၀၀)ဧက တစ်ကွင်းတစ်စပ်တွင် တောင်သူ ဦးအောင်ကြိုင်၏ (၂.၀၀)ဧက ဆောင်းမြေပဲသီးနှံစိုက်ခင်းအတွင်း ငမြှောင်တောင်ပိုးကျရောက်မှုလက်တွေ့နှိမ်းနင်းခြင်း နည်းပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သမဝါယမကောလိပ်(မန္တလေး)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ်(မန္တလေး)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စကားဝိုင်းကျင်းပခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကောလိပ်ရှိ ရန်ကင်းခန်းမ၌ ကျင်းပရာ သမဝါယမကောလိပ်(မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေး၊ ဒုတိယကျောင်းအုပ်ကြီး ဦးတင်မြင့်၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၁၇)မူးယစ်တပ်ဖွဲ့စု၊ ရဲမှူးဌေးလွင် ဦးစီးအဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သမဝါယမကောလိပ်(မန္တလေး)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ် (မန္တလေး)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် စကားဝိုင်းကျင်းပခြင်းကို ယနေ့ နေ့လယ် ၁ နာရီက အဆိုပါကောလိပ်ရှိ ရန်ကင်းခန်းမ၌ ကျင်းပရာ သမဝါယမကောလိပ် (မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေး၊ ဒုတိယကျောင်းအုပ်ကြီး ဦးတင်မြင့်၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၁၇) မူးယစ်တပ်ဖွဲ့စု၊ ရဲမှူးဌေးလွင် ဦးစီးအဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်‌ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ‌ကျေးလက်ဒေသများ၏ စိတ်ဝင်စားဖွယ်ရာ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ ပတ်ဝန်းကျင်ရေမြေတောတောင် သဘာဝရှုခင်းများတွင် အပန်းဖြေလေ့လာခြင်းများကို ခရီးသွားများပိုမိုစိတ်ဝင်တစား လာရောက်လည်ပတ်စေရန်အတွက် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှု တစ်ရပ်အဖြစ်ရည်ရွယ်၍  ပြင်ဦးလွင်ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် ကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ဟိုင်းကြီးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများ သွားလာရလွယ်ကူချောမွေ့အဆင်ပြေစေရန်အတွက် ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြီးစီးမှုအခြေအနေများအား ယနေ့နံနက် ၉ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးများ ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်

ပူပြင်းခြောက်သွေ့သော ရာသီအချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်၍ ချမ်းမြသာစည်မြို့နယ် မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်း မီးလောင်မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးများ ကွင်းဆင်းစစ်ဆေး‌ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ချမ်းမြသာစည်တောင်ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အ.ထ.က (၂၄) ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်တွင် အောင်မြင်လျက်ရှိသော “ရသာချို” ကြက်သွန်ကြော်လုပ်ငန်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အဆင်ပြေလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွာသစ်ကျေးရွာ၌ ကိုသူရမောင်နှင့် မချိုသဲဇော်(မိသားစု)မှ ဦးစီးလုပ်ကိုင်သော “ရသာချို” ကြက်သွန်ကြော်လုပ်ငန်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်များရရှိကာ မိသားစုဝင်ငွေတိုးပွား၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း လုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး