မန္တလေးတိုင်းဒေသကြီး

ရမည်းသင်းခရိုင်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မန္တ‌လေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး စာပေဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် မိတ္ထီလာမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များအတွင်းရှိ နွေနှမ်းသီးနှံ စိုက်ဧကများပန်းတိုင်အထွက် ရရှိရေးနွေနှမ်းသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် မိတ္ထီလာမြို့နယ်နှင့် ဝမ်းတွင်း မြို့နယ်များအတွင်းရှိ နွေနှမ်းသီးနှံ စိုက်ဧကများ ပန်းတိုင်အထွက်ရရှိရေး နွေနှမ်းသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်က မိတ္ထီလာမြို့နယ်‌‌ ‌ချောက်ပင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန် သန့်ရှင်းရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ စည်ပင်သာယာရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် နေ့စဉ်သန့်ရှင်းရေး ဆောင်ရွက်ခြင်းများပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မနော်ရမ္မံရေမြောင်းဘေးပတ်လည် သန့်ရှင်းသာယာလှပစေရန် သန့်ရှင်းရေးဌာန ကြီးကြပ်သူနှင့် လုပ်သားများမှ အထူးသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ KG ကျောင်းသား/ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား/ ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းအာဟာရကျွေးခြင်းလုပ်ငန်းများကို ယနေ့နေ့လယ်ပိုင်းက တံစိုး (အ.မ.က) နှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) အောင်ဆန်းခန်းမတွင် ယနေ့နံနက် (၉)နာရီက (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ (၁၉)ကြိမ်မြောက် ဘွဲ့နှင့်သဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် သီရိမင်္ဂလာရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်၍ မီးဘေးလုံခြုံရေးသတိရှိရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိရန်တို့အတွက် စစ်ဆေးပညာပေးခြင်းများကို ယနေ့ နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် ဝန်ထမ်းများက သီရိမင်္ဂလာရပ်ကွက်တာဝန်ရှိသူမျာနှင့်အတူ ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၅)အစည်းအဝေးသို့တက်ရောက်

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁/၂၀၂၅) အစည်းအဝေးကို ဇန်နဝါရီလ(၂၄)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကျောက်ဆည်မြို့နယ် သမဝါယမအသင်းစုလီမိတက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓနုံးကျေးရွာအုပ်စု၌ပန်းခင်းစီမံချက် (၃) ဖြင့်နိုင်ငံသားကတ်များကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စု၊ ယဥ်တော်စံကျေးရွာ အောင်သိဒ္ဓိကပ်ကျော်ဓမ္မာရုံတွင် အမရပူရမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်း ဦးဆောင်သောအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ဓနုံးကျေးရွာအုပ်စုမှ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်  မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးနှင့် ၂၀၂၅ နှစ်ဦး ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း MRCCI နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးနှင့် ၂၀၂၅ ခုနှစ် နှစ်ဦးဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံ မြို့နယ်ရှိ ရတနာပုံစူပါစင်တာ ၄ လွှာ၊ MRCCI အသင်းရုံး၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms. Gao Ping နှင့် တာဝန်ရှိသူများ၊ MRCCI အသင်း ဂုဏ်ထူးဆောင်နာယကများ၊ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်၊အလုပ်အမှုဆောင်များနှင့် ညီနောင်အသင်းများမှ အသင်းသား၊ အသင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး