မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) သို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ဇန်နဝါရီလ (၂၇) ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြည်ကြီးတံခွန်မြို့နယ်ရှိ MSMEလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး၊ ဆေးတက္ကသိုလ်-မန္တလေး မိသားစု၏ ၅၈ ကြိမ်မြောက် ကထိန်အောင်ပွဲ ညဈေးပွဲတော်သို့ တက်ရောက်အားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇန်နဝါရီလ (၂၇) ရက်နေ့ မွန်းလွဲပိုင်းက ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ MSME လုပ်ငန်းများလည်ပတ်နေမှုအခြေအနေတို့ကို ကွင်းဆင်း စစ်ဆေးခဲ့သည်။

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်၏ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းပဒေများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်း ရွှေမိုက်လေလံတင်ရောင်းချပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ သီရိပစ္စယာရပ်ရှိ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်း ရွှေမိုက် လေလံတင်ရောင်းချခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်၊ နံနက် ၁၀ နာရီအချိန်က လောကနန္ဒာစွယ်တော်မြတ်စေတီရင်ပြင်တော် တန်ဆောင်းတော်တွင် လေလံတင်ရောင်းချခြင်း အခမ်းအနား ကျင်းပခဲ့သည်။

မြစ်သားမြို့နယ် ကျီတော်ကုန်းမူလွန်ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျီတော်ကုန်း မူလွန်ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အောင်မြေသာစံမြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်း တိုင်းအဆင့်နည်းပြသင်တန်းဖွင့်လှစ်

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် စဉ်ဆက်ပညာရေးလုပ်ငန်း တိုင်းအဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်း အနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းရှိ အေးသီတာခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့နယ် ဆူးရစ်တန်းကျေးရွာရှိ ဆိုလာစွမ်းအင်အသုံးပြု၍ ရေထောက်ပံ့ရေးစီမံကိန်းမြေအောက်ရေ(အဝီစိတွင်း) တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆူးရစ်တန်းကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး ဆိုလာစွမ်းအင်အသုံးပြု ရေထောက်ပံ့ရေးစီးမံကိန်းမြေအောက်ရေ(အဝီစိတွင်း) တူးဖော်ခြင်းလုပ်ငန်းရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဆီထွက်သီးနှံစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူ (၇၅) ဦးအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ဆောင်းဆီထွက်သီးနှံစိုက်ပျိုးသည့် အခြေခံသမဝါယမအသင်းသားတောင်သူ (၇၅) ဦးအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ချမ်းအေးသာစံမြို့နယ်၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်ကြီးအား သွားရောက်ဖူးမြော် ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်နေမှုအားကြည့်ရှု

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တဝိစာရိန္ဒာ ဘိဝံသသက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါရှိ သက်တော်ရှည်ဆရာတော်ကြီးသည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူပြီး ကျန်းမာရေးအခြေအနေကောင်းမွန်၍ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ကြီးရှိ မူလသိမ်ကျောင်းတော်ကြီး၌ ပြန်လည် သီတင်းသုံးတော်မူလျက်ရှိသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး