မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်  တရုတ်နှစ်သစ်ကူးအကြိုအထိမ်းအမှတ် မင်္ဂလာမန္တလေးမိသားစုမှကျင်းပသည့် စတုဒီသာအလှူပွဲသို့ တက်ရောက်အားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့မွန်းလွဲပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေး Lotus Plaza တွင် ကျင်းပသည့် မင်္ဂလာမန္တလေး မိသားစု၏ တရုတ်နှစ်သစ်ကူးအကြို အထိမ်းအမှတ်  လူဦးရေ ၃၃၅၀ ဦးကျော် အားပေးအပ်သည့် စတုဒီသာအလှူပွဲသို့ တက်ရောက်အားပေးခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ဓာတ်မြေဩဇာ စုပေါင်းရောင်းချပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက နွေးစပါးနှင့် နွေနှမ်းစိုက်တောင်သူများအား ဓာတ်မြေဩဇာ စုပေါင်းရောင်းချပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးနန်းမြို့အနောက်ဘက်ရှိ စည်ရှည်တံတား တည်ဆောက်ပြီးစီးနေမှုအခြေအနေ၊ မြို့တွင်းလမ်းများ သန့်ရှင်းသပ်ရပ်မှုနှင့် ယာဉ်ကြောပြအမှတ်အသားများ ထင်ရှားစေရန် သန့်ရှင်းနေမှုများအားလိုက်လံကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးရာ ဝန်ကြီး မြို့တော်ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးနန်းမြို့အနောက်ဘက်ရှိ စည်ရှည်တံတား ပြန်လည်ဆောက်ပြီးစီးနေမှုနှင့် မြို့တွင်းလမ်းမကြီးများသန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆေးကြောသန့်ရှင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ယွန်းလျှံမြန်မာလယ်ယာသစ်တော ကုမ္ပဏီလီမိတက် တာဝန်ရှိသူများမှ Agro(+)Project ဆောင်ရွက်နေမှုများအား ရှင်းလင်းပြသသည့် အခမ်းအနားသို့တက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့အား ယွန်းလျှံမြန်မာလယ်ယာ သစ်တောကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက Agro(+) Project ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက လာရောက် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၌ ကျေးလက်တံတား ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း ဇီးကွဲ-အုန်းပင်ခြံကျေးရွာချင်းဆက် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အေးသူဇာလှ၊ မြို့နယ်တာဝန်ခံ ဒေါ်စုမွန်ဖွေးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဓာတ်မြေဩဇာ စုပေါင်းရောင်းချပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက နွေစပါးနှင့်နွေနှမ်းစိုက်တောင်သူများအား ဓာတ်မြေဩဇာ စုပေါင်းရောင်းချပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် အဖွဲ့ဝင်များ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ထူးချွန်ဆုပေးအပ်ပွဲ တက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက် (၈)နာရီခွဲက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ကျင်းပပြုလုပ်သည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး မိတ္ထီလာမြို့ရှောင်လမ်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်သွားရန် ဒေသခံကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် မိတ္ထီလာမြို့နယ်အတွင်းရှိ ဂွေ့ကြီး-တည်ပင်ကုန်း-ညောင်ပင်ကုန်း-ကန်တောင်လမ်းအား မိတ္ထီလာမြို့ ရှောင်လမ်းအဖြစ် အဆင့်မြှင်တင်တည်ဆောက်သွားရန်အတွက် ဒေသခံကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက်က ဂွေ့ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ဆောင်းမြေပဲသီးနှံ ငမြှောင်တောင်ပိုးကာကွယ်နှိမ်းနင်း၍ တောင်သူနည်းပညာပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် နတ်ကြို့အိုင်အုပ်စု၊ ရွှေတွင်းကျေးရွာ ဆောင်းမြေပဲမျိုးစေ့ထုတ်စိုက်ခင်း (၃၅.၀၀)ဧက တစ်ကွင်းတစ်စပ်တွင် တောင်သူ ဦးအောင်ကြိုင်၏ (၂.၀၀)ဧက ဆောင်းမြေပဲသီးနှံစိုက်ခင်းအတွင်း ငမြှောင်တောင်ပိုးကျရောက်မှုလက်တွေ့နှိမ်းနင်းခြင်း နည်းပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သမဝါယမကောလိပ်(မန္တလေး)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ်(မန္တလေး)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စကားဝိုင်းကျင်းပခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကောလိပ်ရှိ ရန်ကင်းခန်းမ၌ ကျင်းပရာ သမဝါယမကောလိပ်(မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေး၊ ဒုတိယကျောင်းအုပ်ကြီး ဦးတင်မြင့်၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၁၇)မူးယစ်တပ်ဖွဲ့စု၊ ရဲမှူးဌေးလွင် ဦးစီးအဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး